iTOTO ဆုိတာဘာလဲ ?
https://online.singaporepools.com/…/comparison-between-toto…
Unicode
iTOTO ဆိုတာ System 12 ထိုးတာနဲ့ တူပါတယ်။
အဲဒီတော့ System 12 ဆိုတာ ဘာလဲအရင်သိဖို့လိုပါတယ်။
TOTO ထီက ၁ မှ ၄၉ အတွင်းရှိ ဂဏန်း ၄၉ လုံးထဲမှ ၆ လုံးကို ပေါက်ထီအဖြစ် ရွေးချယ်ဆုချီးမြှင့်တာပါ။
အဲဒီမှာ မိမိက ဂဏန်း ၇ လုံးထိုးချင်လဲရတယ်၊ ၈ လုံးထိုးချင်သလား၊ ၉ လုံးထိုးချင်သလား၊ အများဆုံး ၁၂ လုံးအထိ ထိုးလို့ရတယ်။
ထီထွက်မှာက ဂဏန်း ၆ လုံး ၊ မိမိထိုးတာက ဂဏန်း ၁၂ လုံးထိ ထိုးထားတာဆို ပေါက်နိုင်ချေက အရမ်းများပါတယ်။
ဂဏန်း ၁၂ လုံးထိပါတဲ့လက်မှတ်ကို System 12 လို့ခေါ်ပါတယ်။ System 7 ဆိုတာက လက်မှတ်တစ်စောင်တည်းမှာ ဂဏန်း ၇ လုံးပါတာကိုပြောတာပေါ့။
System 12 ဆိုတော့ လက်မှတ်တစ်စောင်တည်းမှာ ဂဏန်း ၁၂ လုံးထိပါတယ်။
သူရဲ့ပေါက်နိုင်ချေ (Probability) က 15,134 မှာ တစ်ပုံတဲ့။ အဲဒီတော့ တစ်သောင်းခွဲပုံ တစ်ပုံ အခွင့်အရေးရှိပါတယ်။
ဘယ်လောက် ပေါက်နိုင်ချေ များသလဲ စဉ်းစားသာကြည့်ပါတော့။
System 12 ရဲ့ ဈေးနှုန်းကလဲ ကြည့်ဦးလေ .. ကျနော်တို့ရောင်းတာ 1,680,000 Ks.
လက်မှတ်တစ်စောင်ရဲ့တန်ဖိုးက ၁၆ သိန်းကျော်လေ ။ ဈေးအရမ်းကြီးလွန်းတယ်။
အဲဒီတော့ System 12 ကလဲထိုးချင်တယ်၊ ၁၆ သိန်းကျော်တန်ဖိုးလဲ မပေးချင်ဘူးဆိုရင်တော့ အဖြေက iTOTO ရှိပါတယ်။
သူ့ရဲ့တန်ဖိုးကို 28 နဲ့ စားလိုက်ရင် 60,000 ကျန်ပါတယ်။ အဲဒါ iTOTO ကို ကျနော်တို့ရောင်းတဲ့ဈေးနှုန်းပါပဲ။
ဈေးနှုန်းကိုလဲ 28 စားသလို ထီပေါက်ခဲ့ရင်လဲ ဆုကြေးကို 28 နဲ့ စားရပါတယ်။
ဥပမာ - သိန်းပေါင်း ၅၀,၀၀၀ ပေါက်တယ်ဆိုရင် System 12 ထိုးတဲ့သူကတော့ သိန်းပေါင်း ၅၀,၀၀၀ အပြည့်ရရှိပြီး၊ iTOTO ထိုးတဲ့သူကတော့ ဆုကြေး သိန်းပေါင်း ၅၀,၀၀၀ ကို ၂၈ နဲ့စားပါက သိန်းပေါင်း ၁,၇၈၅ သာ ရရှိမည်ဖြစ်ပါတယ်။
တကယ်လို့ ပိုက်ဆံထပ်သုံးနိုင်သေးတယ်ဆိုရင် iTOTO မှာတင် 2 Unit ထပ်ထိုးလို့ရသေးတယ်ဗျ။ ရှုပ်ကုန်ပြီလားမသိဘူး။ စောစောက ကျနော်ရှင်းပြတာက 1 Unit အတွက်သာဖြစ်ပါတယ်။ ဘာတုန်း Unit တွေ။
စောစောက ဥပမာကိုပဲ ပြန်ကြည့်ရအောင်။ သိန်း ၅၀,၀၀၀ ပေါက်လို့ iTOTO ပေါက်တဲ့သူက ၂၈ နဲ့ စားတဲ့အတွက် သိန်းပေါင်း ၁,၇၈၅ သာ ရပါမယ်။ လက်မှတ်ဈေးနှုန်းကလည်း တစ်စောင်ကို ၆၀,၀၀၀ ကျပ် ကျပါတယ်။
တကယ်လို့ ကျနော်က 2 Unit ဆိုပြီး ဆိုင်ကိုပြော ထိုးလိုက်မယ်ဆိုရင် လက်မှတ်တစ်စောင်တန်ဖိုးက ၂ ဆဖြစ်သွားပြီး ၆၀,၀၀၀ x ၂ = ၁၂၀,၀၀၀ ကျပါမယ်။ ဆုကြးကလဲ သိန်းပေါင်း ၁,၇၈၅ x ၂ = ၃,၅၇၀ ရပါမယ်။
အားလုံးက Equal Chance ပါပဲ။ အခွင့်အရေးတူတူပေးထားတာပါပဲ။ ပိုက်ဆံများများသုံးနိုင်လေ ၊ ပေါက်နိုင်ချေ များလေလေပင် ဖြစ်ပါတယ်။
System 12 နဲ့ iTOTO တို့ ဘာတွေကွာခြားလဲဆိုတာ အောက်ကလင့်မှာ ဖတ်ရှုနိုင်ပါတယ်ခင်ဗျာ။
မရှင်းလင်းပါက ဖုန်းနံပါတ် 09-970811833 ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ။