တစ်လတစ်ခါထွက် Singapore Sweep အကြောင်းအပြည့်အစုံ
Type a message...
Unicode
လစဉ် ပထမပတ် ဗုဒ္ဓဟူးနေ့တိုင်း ( ညနေ ၆ နာရီခွဲလောက်မှာ ) ထီထွက်ပါတယ်။ ထိပ်စီးက ၁ ကနေ ၄ အထိ ရှိပါတယ်။
ဆုကြေးတွေ အနေနဲ့ ပထမဆု စင်္ကာပူဒေါ်လာ ၂.၃ သန်း (၁) ဆု၊ ( သြဂုတ်လဆိုရင် စင်္ကာပူအမျိုးသားနေ့ အထိမ်းအမှတ် ၅ သန်းပေးပါတယ် )၊ ဒုတိယဆု ဒေါ်လာ ငါးသိန်း (၁)ဆု၊ တတိယဆု ဒေါ်လာ နှစ်သိန်းခွဲ (၁)ဆု ပါပါတယ်။
အခြားဆုကြေးတွေအနေနဲ့ ဒေါ်လာ တစ်သောင်း (၁၀) ဆု၊ ဒေါ်လာငါးထောင် (၁၀) ဆု၊ ဒေါ်လာ သုံးထောင်က ဆု (၃၀)၊ ဒေါ်လာနှစ်ထောင် ဆု (၃၀)၊ ဒေါ်လာတစ်ထောင် ဆု (၅၀)၊ ခြောက်ဒေါ်လာဆုပေါင်း (၃၁၅၀၀၀) ခုထိ ဆုပေါင်းများစွာ ပါဝင်ပါတယ်။
ထီပေါက်တဲ့အခါ စင်္ကာပူကို ကိုယ်တိုင် သွားရောက်ထုတ်ယူလို့ ရသလို သွားထုတ်ဖို့ အဆင်မပြေရင်လည်း ကိုယ်စားလှယ် Agent တွေကတဆင့်ထုတ်ယူလို့ရပါတယ်။ ဆုငွေရဲ့ 5% ဝန်ဆောင်ခဖြတ်ကြပါတယ်။ Agent တစ်ခုနဲ့တစ်ခု ဖြတ်တဲ့ % မတူကြပါ 5% ကတော့အများဆုံးပါ။ ကိုယ်တိုင်သွားထုတ်ရင်ဝန်ဆောင်ခပေးစရာမလိုပါ။
ကိုယ်တိုင်ထီတိုက်လိုလျှင် http://www.singaporepools.com.sg/en/product/Pages/sweep_results.aspx မှာတိုက်ရမှာပါ
ရောင်းသူကလဲတိုက်ပေး ပေါက်ရင်အကြောင်းကြားပေးပါတယ်။ ဆုထုတ်ဖို့လဲဝန်ဆောင်မှုပေးပါတယ်။
၆ ဒေါ်လာက အနောက်ဂဏန်း နှစ်လုံးတူတာနဲ့ ရမှာဖြစ်ပြီး ကျန်တဲ့ဆုတွေ အားလုံးကတော့ ဂဏန်းခုနှစ်လုံးစလုံးတူမှ ရမှာဖြစ်ပါတယ်။ မြန်မာထီနဲ့ ယှဉ်ရင်တော့ ပေါက်နိုင်ချေ ပိုများပါတယ်။

Comments
Post a Comment